ဘယ်လဲရိုဖွန်(Bellerophon)ဟာဂရိဒဏ္ဍာရီထဲကခရန်သီယမ်သူရဲကောင်းတစ်ယောက်ဖြစ်သည်။ ခြင်္သေ့ခေါင်း၊ဆိတ်ခေါင်းနှင့်မွေခေါင်း၊ခေါင်းသုံးခေါင်းပါသောဒဏ္ဍာရီလာမိစ္ဆာခိုင်မယ်ရာ(chimera)ကိုသတ်ခဲ့သောသူရဲကောင်းတစ်ယောက်ဖြစ်သည်။ဘယ်လဲရိုဖွန်သည်ပိုဆိုင်ဒွန်(Poseidon)၏သားဖြစ်ပြီး၎င်းကိုလက်ဆောင်အဖြစ်ပေးခဲ့သည့်မြင်းပျံပဲကဆစ်(စ်)(Pegasus) ကိုစီးနိုင်ခဲ့သူလည်းဖြစ်သည်။
လိုက်စီယာ(Lycia)ဘုရင်အိုင်အိုဘေးတီ(စ်)(Iobates)အမိန့်ဖြင့်ဆိုလီမွိုင်(Solymoi)လူမျိုး၊ အမေဇွန်လူမျိုး(amazon)နှင့်ကာရီယန်(carian)ပင်လယ်ဓားပြအားလုံးကိုလည်းအောင်မြင်စွာတိုက်ခိုက်ရှင်းထုတ်နိုင်ခဲ့သူဖြစ်သည်။သို့သော်ဘယ်လဲရိုဖွန်သည်မိမိကိုယ်ကိုအထင်ကြီးပြီးပဲကဆစ်(စ်)ကိုစီးကာအိုလမ်းပစ်(Olympus)အထိအရောက်သွားကာနတ်ဘုရားတို့နှင့်တစ်တန်းထဲနေရန်ကြိုးစားရာမြင်းပေါ်မှပြုတ်ကျပြီးသေဆုံးသွားခဲ့ရသည်။
ဘယ်လဲရိုဖွန်နှင့်မြင်းပျံပဲကဆစ်
ဂရိဒဏ္ဍာရီထဲတွင်ဘယ်လဲရိုဖွန်သည်နတ်ဘုရားပိုဆိုင်ဒွန်၏သားဖြစ်နိုင်သော်လည်းအများစုကသူကိုကောရင့်(Corinth)ဘုရင်ဂလိုက်ဂစ်(စ်)(Glaisus)၏သားဟုဖော်ပြထားသည်။ ထိုကြောင့်ဘယ်လဲရိုဖွန်သည်ကောရင့်ဘုရင်စစ်စပက်(စ်)(Sisyphus)၏မြေးဖြစ်နိုင်သည်။စစ်စပက်(စ်)သည်ဇူး(စ်)(Zeus)ကိုလှည့်စားခဲ့သောကြောင့်ဟေးဒီ(စ်)(Hades)၏သေရွာမှတောင်ပေါ်သို့ကျောက်တုံးကြီးတစ်တုံးကိုအဖန်တလဲလဲတွန်းရန်အပြစ်ပေးခံထားရသည်။ဟိုမာ(ဘီစီ၇၅၀)ရဲ့အဆိုအရဘယ်လဲရိုဖွန်သည်သူ၏အဖိုးထက်နတ်ဘုရားတို့၏မျက်နှာသာပိုပေးခံရပြီးချောမောလှပသန်မာသောယောကျ်ားကောင်းတစ်ယောက်ဖြစ်သည်(Iliad6:155)။ ပင်လယ်နတ်ဘုရားပိုဆိုင်ဒွန်သည်သူ၏သားကိုလှပဆန်းကြယ်သောလက်ဆောင်ဖြစ်သည့်ပဲကဆစ်(စ်)ကိုပေးခဲ့သည်။ပဲကဆစ်(စ်)မြင်းပျံဟာဂေါ်ဂွန်မဒူဆာ(Medusa)ကိုသူရဲကောင်းပါဆီယပ်(စ်)(Perseus)သတ်ပြီးအဖြတ်ခံလိုက်ရသောခေါင်းမှမွေးလာသည်ဟုဆိုသည်။အချို့သောအဆိုအရင်ဘယ်လဲရိုဖွန်သည်၎င်းမြင်းကိုကောရင့်အနီးရှိပီရန်းစမ်းချောင်း (Spring of Priene)တွင်တွေ့ခဲ့သည်ဟုဆိုသည်။ဂရိစာရေးဆရာဟဲစီရော့(Hesiod)(၇၀၀ဘီစီ)ကပဲကဆစ်(စ်)နာမည်သည်Pege(ရေ)မှဆင်းသက်လာသည်ဟုဆိုသည်။အက်သီနာ(Athena)၏အကူအညီဖြင့်ဘယ်လဲရိုဖွန်သည်ပဲကဆစ်(စ်)ကိုယှဉ်ပါးအောင်လုပ်နိုင်ခဲ့သည်။ထိုအစွမ်းကြောင့်သူ၏စွန့်စားခန်းများတွင်အနိုင်ရရှိခဲ့သည်။ သမိုင်းပညာရှင်Robin Lane Foxကသူရဲကောင်းဘယ်လဲရိုဖွန်နာမည်သည်သူ၏အတိတ်နှင့်အနာဂတ်ကိုဖော်ကြူးနေသောနာမည်ဟုဆိုခဲ့သည်။Phontesသည်လူသတ်သမားဟုအဓိပါယ်ရပြီးဘယ်လဲရိုဖွန်သည်ဘယ်လရို(စ်)(Belleros)ကိုသတ်သူဟုအဓိပါယ်ရသည်။ ထိုအပြင်သူ၏ညီဒယ်လီအာဒီး(စ်)(Deliades)ကိုသတ်ခဲ့သောကြောင့်ကောရင့်တိုင်းပြည်မှထွက်ကာတိုင်ရီနစ်(စ်)(Triyns)မှစွန့်စားခန်းများကိုစတင်ခဲ့သည်။
ဘယ်လဲရိုဖွန်နှင့်ခိုင်မယ်ရာ
ဘယ်လဲရိုဖွန်နှင့်ခိုင်မယ်ရာရဲ့တိုက်ပွဲသည်နာမည်ကျော်တိုက်ပွဲတစ်ခုဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်၏အစကတော့တိုင်ရီနစ်(စ်)ဘုရင်ပိုရီတို့(စ်)သည်သူ၏မိန်းမစနီဘိုအာ(Stheneboea)(အန်တေယာ(Antheia)ဟုအချို့ဆိုကြသည်)ရဲ့စွပ်စွဲချက်ကြောင့်ဘယ်လဲရိုဖွန်အပေါ်ဒေါသထွက်ခဲ့သည်။ အန်တေယာ သည်ဘယ်လဲရိုဖွန် ကိုချစ်ကြိုက်ခဲ့သော်လည်းဘယ်လဲရိုဖွန်သည်ဘုရင်အပေါ်သစ္စာမဖောက်ချင်သောကြောင့်ငြင်းခဲ့သည်။ အန်တေယာသည်ထိုသို့အငြင်းခံလိုက်ရသည်ကိုမကျေမနပ်ဖြစ်ကာဘယ်လဲရိုဖွန်ကသူ့ကိုအတင်းအဓမ္မပြုပါသည်ဟုမဟုတ်မမှန်စွပ်စွဲခဲ့သည်။ ပိုရီတို့(စ်)သည်သူ့မိန်းမကိုသာယုံပြီးဘယ်လဲရိုဖွန်ကိုသူ၏အစ်ကိုထံပို့ခဲ့သည်။ လိုင်စီယာဘုရင်(Lycia)(ယခုခတ်တူရကီ)အိုင်အိုဘေးတီ(စ်)ထံသို့ပိုရီတို့(စ်)သည်ဘယ်လဲရိုဖွန် ကိုစာတစ်စောင်ပို့ခိုင်းခဲ့သည်။ ထိုစာမှာ
“ဤစာကိုသယ်လာသူသည်မိမိ၏မိန်းမကိုအကြမ်းဖက်ရန်ကြိုးစားခဲ့သောကြောင့်သူ့ကိုသတ်ရန်တောင်းဆိုပါသည်။ (Graves, 75a)”
အိုင်အိုဘေးတီ(စ်)ဟာအစတော့သူ၏ဧည့်သည်ဘယ်လဲရိုဖွန်ကိုဝမ်းပန်းတသာကြိုဆိုပြီးပျော်ပွဲရွှင်ပွဲများကိုကိုးရက်တိုင်တိုင်ကျင်းပခဲ့သည်။ နောက်ဆုံးနေ့အပြီးမှသူ့သမက်ပေးသည့်စာကိုဖတ်ပြီးမှသူရဲကောင်းဘယ်လဲရိုဖွန်ကိုမဖြစ်နိုင်သောတာဝန်ဖြစ်သည့်ခိုင်မယ်ရာ ကိုသတ်ရန်စေလွတ်ခဲ့သည်။ ခိုင်မယ်ရာဟာခြင်္သေ့တစ်ကောင်၏ခန္ဓာ၊ အမြီးအတွက်မြွေခေါင်း၊ ကျောပြင်မှဆိတ်ခေါင်းထွက်နေသောမီးမှုတ်နိုင်သောကြောက်ရွံဖွယ်မိစ္ဆာသတ္တဝါတစ်ကောင်ဖြစ်သည်။ ဟဲစီရော့ရေးသားခဲ့သောသီအိုဂျီနီ(Theogony) တွင်
“ခိုင်မယ်ရာဟာအားကြီးသော၊ လျင်မြန်သွက်လက်သော၊ ကြောက်ရွံဖွယ်ကောင်းသော၊ အလွန်ပူပြင်းစွမ်းအားကြီးသောမီးကိုမှုတ်နိုင်သည့်မိစ္ဆာသတ္တဝါဖြစ်သည်။ သူမှာခေါင်းသုံးခေါင်းခြင်္သေ့ခေါင်း၊ ဆိတ်မခေါင်းနှင့်နဂါးတစ်ကောင်ကဲ့သို့သောမြွေခေါင်းတို့ရှိသည်။ (319)”
ဤထူးဆန်းလှသောမိစ္ဆာခိုင်မယ်ရာသည်တိုက်ဖွန်(Typhon)ဟုခေါ်သောခေါင်း၁၀၀ရှိပြီးတရိစ္ဆာန်အားလုံး၏အသံများကိုကျွမ်းကျင်ပိုင်နိုင်ပြီးမီးမှုတ်နိုင်သောမိစ္ဆာနှင့်အခစ်ဓနာ(Echidna)ခေါ်လူတစ်ပိုင်းမြွေတစ်ပိုင်းမိစ္ဆာတို့၏ကလေးဖြစ်သည်။ အခစ်ဓနာသည်ငရဲပြည်ဂိတ်များကိုစောင့်သောခေါင်းသုံးခေါင်းငရဲခွေးစိုက်ဘရစ်(စ်)(Cerberus)ကိုမွေးခဲ့သူလည်းဖြစ်သည်။ ဟိုမား(Homer)၏အီလီရတ်(Iliad)ထဲတွင်တော့ခိုင်မယ်ရာကိုအမီဆိုဒါရစ်(စ်)(Amisodarus)မွေးထားသည်ဟုဆိုသည်။
ဘယ်လဲရိုဖွန်သည်သူ၏မြင်းပျံPegasusကိုစီးကာခိုင်မယ်ရာအထက်မှပျံပြီးမြားအမြောက်အများကိုအဆက်မပြတ်ပစ်ချခဲ့သည်။ထိုနောက်ခဲတုံးတစ်တုံးကိုလှံထိပ်တွင်တပ်ကာခိုင်မယ်ရာ၏ပါးစပ်ထဲသို့ပစ်ထည့်လိုက်သည်။ ခဲတုံးသည်ခိုင်မယ်ရာ ၏မီးအပူရှိန်ကြောင့်အရည်ပျော်ကာသူ၏ကလီစာများကိုဖျက်ဆီးသွားကာသေဆုံးသွားသည်။
ခိုင်မယ်ရာဒဏ္ဍာရီကိုအဓိပါယ်ဖော်ခြင်း
ဘယ်လဲရိုဖွန်၏ဒဏ္ဍာရီသည်သမိုင်းဖြစ်ရပ်များအပေါ်တွင်အခြေခံထားနိုင်ချေရှိသည်။ လိုက်စီယာရှိအိုလမ်းပစ်တောင်၏တောင်ကုန်းများသည်ယခုအချိန်အထိစိမ့်ထွက်နေသောသဘာဝဓာတ်ငွေ့များဖြင့်လောင်ကျွမ်းနေဆဲဖြစ်သည်။ ထိုနောက်မုဆိုးတစ်ယာက်သည်နယ်ခံများကိုနှောက်ယှက်ဒုက္ခပေးနေသောခြင်္သေ့နှင့်မြွေကိုသတ်ခဲ့ကြောင်းကိုအမွန်းတင်ရန်ထိုတိရစ္ဆာန်နှစ်ကောင်ကိုပေါင်းပြီးသူရဲကောင်းပုံပြင်တစ်ပုဒ်ပေါ်လာခြင်းနိုင်သည်။ Robin Lane Foxကလည်းစီမတစ်(Semitic)ဘာသာစကားတွင်မီးကိုင်(chmr)ဟုခေါ်သည်။ ခိုင်မယ်ရာသည်၎င်းတောင်မီးနှင့်တိရစ္ဆာန်များကိုပေါ်င်းပြီးပေါ်လာသောပါးစပ်ရာဇာဝင်ဖြစ်နိုင်သည်။ နောက်သီအိုရိ တစ်ခုကတော့ခိုင်မယ်ရာသည်ရှေးဟောင်းနတ်ဘုရားတစ်ပါးကိုကိုယ်စားပြုနိုင်သည်။ ထိုနတ်ဘုရားသည်ရိုရာပြက္ခဒိန်ကိုကိုယ်စားပြုရန်ရာသီသုံးခုခွဲထားသည်။ ခြင်္သေ့ကနွေဦး၊ ဆိတ်ကနွေနှင့်မြွေကဆောင်းရာသီကိုဆိုလိုသည်။ ဘယ်လဲရိုဖွန်ပုံပြင်သည်ဂရိစစ်သားများရှေးဟောင်းကရီယမ်(Carian)လူမျိုးကိုအနိုင်ရခဲ့ပုံကိုဖော်ပြထားခြင်းဖြစ်နိုင်သည်။ ကရီယမ်လူမျိုးသည်လနတ်ဘုရားကိုးကွယ်ပြီး၎င်းနတ်ဘုရား၏အထိမ်းအမှတ်ဟာခိုင်မယ်ရာဖြစ်သည်။ ထိုအပြင်စန္ဒာနတ်ဘုရား၏နောက်အထိမ်းအမှတ်ဟာမြင်းဖြစ်သောကြောင့်ဘယ်လဲရိုဖွန်သည်ပဲကဆစ်(စ်)ကိုယှဉ်ပါးနိုင်ခဲ့ခြင်းသည်ဂရိတို့၏အောင်ပွဲတစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်။
ဆိုလီမွိုင်လူမျိုး၊ အမေဇွန်လူမျိုးတို့နှင့်ဘယ်လဲရိုဖွန်၏ဇာတ်သိမ်း
ဘယ်လဲရိုဖွန်သည်ခိုင်မယ်ရာကိုသတ်ပြီးအောက်ပွဲခံကာအိုင်အိုဘေးတီ(စ်)ဆီသို့ပြန်လာသောအခါသူ့ကိုအလွန်ရက်စက်ကြမ်းကျုပ်သောဆိုလီမွိုင်လူမျိုးများကိုတိုက်ရန်လွတ်ပြန်သည်။ ဆိုလီမွိုင်တို့သည်စစ်တိုက်ရခြင်းကိုနှစ်သက်သည့်ကြမ်းတမ်းသောလူမျိုးများဖြစ်သည်။ တဖန်ပဲကဆစ်(စ်)သည်ဘယ်လဲရိုဖွန် ကိုခေါ်ပြီးအပေါ်မှကျောက်တုံးကြီးများကိုပစ်ချစေသည်။ ဘယ်လဲရိုဖွန်သည်အိုင်အိုဘေးတီ(စ်)ထံအောက်ပွဲပြီးပြန်လာသောအခါသူကိုနောက်ထပ်မဖြစ်နိုင်သောတာဝန်ကိုထပ်မံစေခိုင်းပြန်သည်။ ဒီတစ်ခါမှာအမေဇွန်ဟုခေါ်သောပင်လယ်နက်ကမ်းစပ်တွင်နေသည့်တိုက်ခိုက်ရေးကျွမ်းကျင်သောမိန်းမများကိုတိုက်ရန်လွတ်ခဲ့သည်။ ရှေ့ကအတိုင်းအမေဇွန်တို့ကိုအောင်နိုင်ခဲ့သည်။ သူ၏စတုတ္ထတာဝန်အနေဖြင့်ကရီယမ်ဓားပြများကိုတိုက်ခဲ့သည်။
အိုင်အိုဘေးတီ(စ်)၏နောက်ဆုံးအကြံကတော့သူ၏တပ်သားများကိုအသုံးချကာအရာရာကိုကျော်လွှားအောင်နိုင်နေသောသူရဲကောင်းဘယ်လဲရိုဖွန်ကိုချုံခိုတိုက်ခိုက်စေခဲ့သည်။ ထိုတိုက်ခိုက်မှုကိုလည်းဇာန်သီယမ်(Xanthian)ကိုရေလွှမ်းစေသောသူ၏အဖေပိုဆိုင်ဒွန်၏အကူအညီဖြင့်ဘယ်လဲရိုဖွန်သည်အနိုင်ရခဲ့သည်။ ထိုအခါမှအိုင်အိုဘေးတီ(စ်)သည်သူဟာနတ်ဘုရားတို့၏ကောင်းချီပေးခြင်းကိုရရှိသူတစ်ယောက်ဖြစ်သည်ဟုမြင်ကာဘယ်လဲရိုဖွန်၏စွပ်စွဲချက်ကိုယုတ်သိမ်းလိုက်တော့သည်။ နောင်တဖြင့်ဘယ်လဲရိုဖွန်ကိုထီးနန်းဆက်ခံသူအဖြစ်ချီးမြောက်ပြီးအိုင်အိုဘေးတီ(စ်)၏သမီးPholonoesနှင့်လက်ဆက်ပေးခဲ့သည်။ ဘယ်လဲရိုဖွန်သည်Isondros, Hippodoehos, Laodameia(စစ်သူရဲကောင်းဆာပီဒွန်(Serpedon)၏အမေ)ဟုခေါ်သောကလေးသုံးယောက်ရခဲ့သည်။
ဘယ်လဲရိုဖွန်သည်မာန်မာနကြီးပြီးစိတ်ကြီးဝင်လာပြီးသူ၏မြင်းပျံကိုစီးကာအိုလမ်းပစ်တောင်ပေါ်အထိစီးပြီးနတ်ဘုရားတို့နှင့်တန်းတူနေမည်ဟုတွေးကာPegasusကိုအိုလမ်းပစ်ဆီသို့စီးသွားသည်။သို့သော်လည်းဇူး(စ်)ကဖန်တီးလိုက်သောမှက်ယင်ကောင်သည်ပဲကဆစ်(စ်)ကိုတုတ်လိုက်သည့်အခါကဆုန်ပေါက်လိုက်၍ဘယ်လဲရိုဖွန်ဖြုတ်ကျသွားသည်။ သူရဲကောင်းဘယ်လဲရိုဖွန်၏ဇာတ်သိမ်းသည်လူသားတို့ကိုမာန်မာန၍အန္တာရယ်အကြောင်းကိုသင်ခန်းစာပေးခြင်းဖြစ်သည်။ ဟိုမာသည်ဘယ်လဲရိုဖွန်ဟာနတ်ဘုရားအားလုံးရဲ့မှန်းခြင်းကိုခံရသူဟုရေးသားခဲ့သည်။ အချို့သောအဆိုများတွင်ဘယ်လဲရိုဖွန် သည်စလီစီယာ(Cilicia)(တူရကီတောင်ပိုင်း) တွင်ပြုတ်ကျပြီးတာရစ်(စ်)(Tarrus)မြို့ကိုတည်ထောင်ခဲ့သည်ဟုဆိုသည်။ အချို့တွင်တော့ဘယ်လဲရိုဖွန်သည်မသန်မစွမ်းဖြစ်သွားပြီးတစ်ယောက်တည်းလူသူမသိသေးဆုံးသွားရသည်ဟုဆိုသည်။ ပဲကဆစ်(စ်)မှာတော့အိုလမ်းပစ်အထိဆက်ပျံသွားပြီးဇူး(စ်)၏မိုးကြိုးသွားများကိုသယ်ဆောင်ပေးသူဖြစ်သွားသည်။
ပန်းချီပုံဖော်မှုများ
ဘယ်လဲရိုဖွန်၊ ပဲကဆစ်(စ်)၊ ခိုင်မယ်ရာတို့ကိုဘီစီခုနှစ်ရာစုအလယ်ပန်းပုများတွင်စတွေ့ရသည်။ အီတလီတောင်ပိုင်းအပါလီယာ(Apalia)မှတီမော်(Baltimore)ပန်းချီဆရာပြုလုပ်ခဲ့သောအနီရောင်ဆေးပန်းကန်တွင်သုံးဦးလုံးပါဝင်သည်။ ထိုပန်းကန်မှာဘီစီလေးရာစုနောင်းပိုင်းတွင်ပြုလုပ်ခဲ့ခြင်းကိုကြည့်ခြင်းဖြင့်ဒဏ္ဍာရီဟာရှေးကျကြောင်းကိုသိရသည်။ ခိုင်မယ်ရာသည်ဘီစီခုနှစ်ရာစုမှခြောက်ရာစုခရမ်သီယမ်အထည်များနှင့်ဘီစီခြောက်ရာစုတောင်ပိုင်းEtruriaဆေးအမဲရောင်Amphoraeများတွင်တစ်ကောင်တည်းတွေ့ရသည်။ ခိုင်မယ်ရာသည်မဒူဆာကဲ့သို့ပန်းချီနှင့်ဗိသုကာတွင်ရေပန်းစားသောတန်ဆာများဖြစ်သည်။ ပဲကဆစ်(စ်)ကိုဘီစီခြောက်ရာစုနှင့်ဘီစီငါးရာစုအကြွေစေ့များတွင်ထင်ရှားစွာတွေ့ရသည်။ သို့သော်လည်းဘယ်လဲရိုဖွန်၏စွန့်စားခန်းထဲမှအမေဇွန်လူမျိုးနှင့်ဆိုလီမွိုင်လူမျိုးတို့ကိုတိုက်နေပုံကိုရေးဆွဲထားသောအနှပညာလက်ရာများကိုမတွေ့ရှိရပေသည်။ ဘယ်လဲရိုဖွန်၏ပုံပြင်သည်Greek tragedy၏နာမည်ကြီးစာရေးဆရာSophoeles(၄၉၆-၄၀၆အိုင်အိုဘေးတီ(စ်))နှင့်Euripides(၄၈၄-၄၀၇ စနီဘိုအာနှင့်ဘယ်လဲရိုဖွန်)ရေးသားခဲ့သောပြဇာတ်သုံးခု၏အဓိကဇာတ်လမ်းဖြစ်သည်။ သို့သော်လည်းထိုပြဇာတ်များမှာပျောက်ဆုံးသွားပြီးအပိုင်းအစများသာကျန်တော့သည်။
ဘယ်လဲရိုဖွန်သည်အီတလီအလယ်ပိုင်းတွင်နေသောEtruscan ပန်းချီဆရာတို့(ဘီစီရှစ်ရာစုမှသုံးရာစု)နှစ်သက်သောtopicဖြစ်သည်။ ဒဏ္ဍာရီ၏အထင်ရှားဆုံးEtruscanရုပ်ထုများထဲမှဘီစီငါးရာစုနှင့်လေးရာစုတွင်ပြုလုပ်ခဲ့သောChimera of Arezzoသည်အကျော်ကြားဆုံးဖြစ်သည်။ အမြင့်၇၈.၅စင်တီမီတာ(၃၁လက်မ) နှင့်အလျား၁၂၉(၅၀.၇၅လက်မ)ရှိသောရုပ်ထုသည်ယခုFlorenceအမျိုးသားရှေးဟောင်းသုတေသနပြတိုက်တွင်ရှိသည်။ lost waxနည်းဖြင့်ပြုလုပ်ထားသောကြေးရုပ်ထုသည်မှာဒဏ်ရာကြောင့်တစ်ဖက်ကိုဆောင်းနေသောခြင်္သေ့၏ကျောမှထွက်နေသောဆိတ်ခေါင်းနှင့်နောက်ခြေတွင်သွေးထွက်နေသောဒဏ်ရာတစ်ခုပါသည်။ ထိုသို့အသေးစိတ်ပုံဖော်ထားမှုများကိုကြည့်ခြင်းဖြင့်၎င်းရုပ်ထုသည်ဘယ်လဲရိုဖွန်နှင့်ပဲကဆစ်(စ်)တို့ပါပါသည်ဟုခန့်မှန်းနိုင်သည်။ ဘယ်လဲရိုဖွန်နှင့်ပဲကဆစ်(စ်)၏ပုံပြင်သည်ရောမလူမျိုးတို့အကြိုက်များခဲ့ပြီးမှန်စီပန်းချီများပြုလုပ်ခဲ့ကြသည်။ မြင်းပျံပဲကဆစ်(စ်)သည်ထာဝရအသက်ရှင်ခြင်း၏သင်္ကေတတစ်ခုဖြစ်လာသည်။ ဘီစီသုံးရာစုတွင်ပြုလုပ်ခဲ့သောPerundorf mosaicတွင်ပဲကဆစ်(စ်)ကိုစီးနေသောဘယ်လဲရိုဖွန်သည်ခိုင်မယ်ရာကိုလှံဖြင့်ထိုးနေပုံကိုတွေ့ရသည်။ ထိုပန်းချီသည်နောက်ပိုင်းတွင်စိန့်ဂျော့(Saint George) နဂါးကိုသတ်နေပုံ၏နမူနာဖြစ်လာစေခဲ့သည်။
