---
title: အက်ကီလီးစ်
author: Mark Cartwright
translator: Eaint hmoo Mg
source: https://www.worldhistory.org/trans/my/1-10354/
format: machine-readable-alternate
license: Creative Commons Attribution-NonCommercial-ShareAlike (https://creativecommons.org/licenses/by-nc-sa/4.0/)
updated: 2025-06-19
---

# အက်ကီလီးစ်

ရေးသားသူ [Mark Cartwright](https://www.worldhistory.org/user/markzcartwright/)_
ဘာသာပြန်သူ [Eaint hmoo Mg](https://www.worldhistory.org/user/eainthmoomg)_

အက်ကီလီးစ်(Achilles)သည် ဂရိဒဏ္ဍာရီနှင့်စာပေမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး တရိုဂျင်(Trojan)စစ်ပွဲ၏ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်သည်။ အက်ကီလီးစ်ဟာ စစ်ပွဲတွင် အနှိုင်းမရှိသောစစ်သည်တော်တစ်ဦးဖြစ်ပြီး ကြောက်ရွံ့ဖွယ်မာမီဒွန်(Myrmidons)တို့၏ ခေါင်းဆောင်၊ မြို့များကို သိမ်းပိုက်ခဲ့သူ၊ ဟက်တာ(Hector)ကို သတ်ခဲ့သူဖြစ်သည်။ နတ်ဘုရားအပိုလို(Apollo)၏ ဟန့်တားမှုဖြင့်သာ သူ၏ အတော်ဆုံးသောဂရိစစ်ဘုရင်ဘဝကို အဆုံးသတ်ခဲ့ရသည်။

ဟဲလင်(Helen)ကို ပြန်လည် ကယ်တင်ရန် ထရိုင်(Troy)သို့ သွားသော အင်အားကြီး ဂရိတပ်မတော်၏ ထိပ်တန်းသူရဲကောင်းလည်းဖြစ်ခဲ့သည်။ သို့သော် အရဲရင့်ဆုံးသော၊ အားအကောင်းဆုံးသော၊ အချောဆုံးဖြစ်သော အက်ကီလီးစ်သည် မိမိ၏မာနနှင့်ဒေါ်သကြောင့် သူ၏တပ်သားများနှင့် ရန်သူတို့ကိုများစွာထိခိုက်စေခဲ့သည်။

### အက်ကီလီးစ်၏ကလေးဘဝ

ဂရိ ဒဏ္ဍာရီတွင် အက်ကီလီးစ်သည် ပလေးယပ်စ်(Peleus)နှင့် အဏ္ဏဝါဉာဏ့်ပ်သီတစ်စ်(sea nymph Thetis)တို့၏သားဖြစ်သည်။ သူ၏မိခင်သည် သားကိုထာဝရရှင်သန်စေရန်နှင့်အန္တရယ်မကျရောက်စေရန်အတွက် မှော်ဝင်မီးတစ်ခုအပေါ်၊ တချို့အဆိုအရ စတစ်စ်မြစ်(River Styx)တွင် နှစ်ခဲ့သည်။ သို့ရာတွင် ကလေးကို ခြေကျင်းဝတ်မှကိုင်၍နှစ်ခဲ့သဖြင့်အဆုံးတွင် ၎င်းအားနည်းချက်ကြောင့် အက်ကီလီးစ်၏ သေဆုံးခဲ့ရသည်။ သီတစ်စ်သည် သူ၏သားမှာဂုဏ်ရည်ကျော်ကြားမည်ဖြစ်သော်လည်း သက်တမ်းရှည်မည်မဟုတ်ကြောင်းသိရှိကာ အက်ကီလီးစ်ကို ဖုံးကွယ်ရန်ကြိုးပမ်းခဲ့သည်။ထို့ကြောင့်ကလေးကို လိုင်ကိုမယ့်ဒီးစ် (Lykomedes)တော်ဝင်မျိုးနွယ်နှင့်အတူ စကီးရိုစ်(Skyros)တွင် ကြီးပြင်းစေခဲ့သည်။ တချို့အဆိုအရ မိန်းကလေးအနေအဖြစ်ဟန်ဆောင်ခိုင်းထားခဲ့သည်။ အချို့အချက်အလက်များတွင်တော့ ဉာဏ်ပညာကြီးသော စင်တော စိုင်ရွန်( Chiron)က အက်ကီလီးစ်အား ပညာသင်ကြားပေးခဲ့သည်။ စိုင်ရွန်သည် ဟေရာကလစ်စ်(Hercules) ကိုလည်း ပညာသင်ပေးခဲ့သူဖြစ်သည်။

#### Sponsorship Message

 [![A Total War Saga: TROY](https://www.worldhistory.org/template/files/text-replacements-images/ca-troy.jpg)](http://bit.ly/AHE-CA-Troy "A Total War Saga: TROY") ![tw logo](https://www.worldhistory.org/template/images/tw-logo.gif)### This article was sponsored by Total War™

 Command huge real-time battles and a sandbox campaign based on the Trojan War in A Total War Saga: TROY. Coming in 2020. Available to wishlist now on Steam. [Learn More](http://bit.ly/AHE-CA-Troy "A Total War Saga: TROY") 
 .sponsor.ca h3 {
 text-transform: none;
 margin-top: 0px;
 margin-bottom: 15px;
 font-family: "Libre Baskerville", "Palatino Linotype", "Book Antiqua", Palatino, serif;
 }
 .sponsor.ca .ca_logo {
 width: 100px !important;
 height: 46px;
 float: right;
 box-shadow: none;
 margin: 0;
 }
 .sponsor_message {
 margin-left: 280px;
 font-family: Karla, Arial, Helvetica, sans-serif;
 line-height: 140%;
 }
 .sponsor.ca {
 padding: 10px 0px 25px 0px;
 margin: 25px 0px;
 border-top: 1px dotted #dadada;
 border-bottom: 1px dotted #dadada;
 }
 .sponsor_message .big_red_button {
 margin-top: 13px;
 }
 .sponsor.ca .key_art {
 margin-top: 0px;
 margin-bottom: 10px;
 width: 260px;
 height: auto;
 float: left;
 }
 .sponsor h4 {
 font-weight: normal;
 text-transform: uppercase;
 color: silver;
 margin-bottom: 10px;
 margin-top: 0px;
 font-family: Karla,Arial,Helvetica,sans-serif;
 font-size: 13px;
 padding: 0;
 }
 @media (max-width: 1199px) {
 .sponsor.ca .key_art {
 float: none;
 width: 100%;
 }
 .sponsor.ca .sponsor_message {
 margin-left: 0px;
 }
 .sponsor.ca h3 {
 margin-top: 20px;
 margin-bottom: 10px;
 }
 }
 @media (max-width: 767px) {

 }
### ထရိုဂျင်စစ်ပွဲ

အက်ခီလီးစ်၏ဘဝဇာတ်လမ်းကို ဟိုးမား(Homer)ရေးသားခဲ့သည့် အီလီယတ်(Iliad)ဝတ္ထုဇာတ်လမ်းရှည်မှ အဓိကသိရှိရသည်။ တစ်နည်းပြောရရင် အီလီယတ်သည် အက်ခီးလီးစ်ကိုဇာတ်ဆောင်ထားပြီး သူ၏ဒေါ်သကြောင့်ဖြစ်လာသော ဇာတ်လမ်းတစ်ပုဒ် ဟုဆိုနိုင်သည်။ ဇာတ်လမ်းအစတွင် အသကာ(Ithaca) ရဲ့ဖြတ်ထိုးဉာဏ်ကောင်းသောဘုရင်ဩောဒီးဆီးယစ်(Odysseus) သည် အက်ခီလီးစ်ကို ထရိုဂျင်စစ်ပွဲတွင် ဝင်တိုက်ရန်တောင်းဆိုခဲ့သည်။ ဩောဒီးဆီးယစ်သည် အက်ခီလီးစ်ရဲ့မာနကို အသုံးချပြီးအောင်မြင်စွာ နားချနိုင်ခဲ့သည်။ အက်ခီလီးစ်သည်သူ၏သားနီအိုတိုလီမတ်စ်(Neoptolemus)ကို ချန်ရစ်ခဲ့ပြီး ထရိုင်သို့သင်္ဘောနဲ့ချီတက်လာခဲ့သည်။ သူနဲ့အတူမာမီဒွန်တို့သည် သင်္ဘောအဆင်းပေါင်း၅၀နှင့် တစ်စင်းလျှင်စစ်သည်၅၀တို့ဖြင့် ချီတက်ခဲ့သည်။ ဒဏ္ဍာရီအရ မာမီဒွန်တို့သည်ဇူးစ်(Zeus)ကိုယ်တိုင်ပုရွက်ဆိတ်များမှလူအသွင်ပြောင်းလဲပြီးသူ၏သားအိုင်ရ်အာကို့စ်(Aiakos) အယ်ဂျီးနား(Aegina)ရဲ့ဘုရင်ကိုပေးခဲ့သည်။ အိုင်ရ်အာကို့စ်သည်ပလေးယပ်စ်ရဲ့အဖေ၊ အက်ခီလီးစ်ရဲ့အဖိုးဖြစ်သည်။

[ ![Penthesilea & Achilles](https://www.worldhistory.org/img/r/p/750x750/1247.jpg?v=1777391829) ပန်သီစီလီယား နှင့် အက်ကီလီးစ် Mark Cartwright (CC BY-NC-SA) ](https://www.worldhistory.org/image/1247/penthesilea--achilles/ "Penthesilea & Achilles")အာခေရန်(Achaean)တို့သည် ထရွိုင်းကိုဆယ်နှစ်ကြာ ချုပ်ကိုင်ထားနိုင်ခဲ့သည်။ ထိုအတောအတွင်း အက်ခီလီးစ်၏စစ်ရေးကျွမ်းကျင်မှုကို ပြသခဲ့ပြီးမြို့ပေါင်း၂၃မြို့ကျော်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ပွဲအစတွင်ထရိုင်မင်းသား ထရွိုင်လစ်စ်(Troilus)ကိုစမ်းချောင်းမှာရေသောက်နေစဉ်ဖမ်းဆီးပြီး အပိုလိုအားစပ်သခဲ့သည်။ ထိုသို့စပ်သခဲ့ခြင်းကြောင့် ဂရိတို့စစ်ရေးတွင်ကံကောင်းလာခဲ့သည်။ ဩရာကယ်က ထရိုင်မင်းသားကိုအသက်၂၀မပြည့်မီသတ်နိုင်လျှင်ထရိုင်မြို့ကိုသိမ်းပိုက်နိုင်မယ်ဟုဟောခဲ့သည်။ တချို့သောမှတ်တမ်းများတွင်ထရွိုင်းလစ်စ်ကို အပိုလို၏နတ်ကျောင်းတွင်သတ်ခဲ့ခြင်းကြောင့် အက်ခီလီးစ်သည်အပိုလို၏ဒေါ်သအညိုးကိုခံစားခဲ့ရသည်ဟုဆိုထားသည်။

စစ်ပွဲအစောပိုင်းတွင်ဂရိတို့အားသာနေခဲ့သော်လည်း မိုင်ဆီးနီး(Mycenae) ဘုရင်၊ ဂရိတပ်၏ခေါင်းဆောင် အာဂါမမ်းနွန်း (Agamemnon) နှင့် အက်ခီလီးစ်တို့ရဲ့ငြင်းခုန်မှုမှစ၍ဂရိတို့အခြေအနေပြောင်းလဲသွားခဲ့သည်။ အကြောင်းအရင်းမှာ အက်ခီလီးစ်သည်သူ၏စစ်ဆင်ရေးမှ ဘရစ်စီးအစ်စ်(Briseis) နှင့် ခရက်စစ်(Chryseis)ဟုခေါ်သောမိန်းမလှလေးနှစ်ယောက်ကိုခေါ်လာခဲ့သည်။ ခရက်စစ် ကို အာဂါမမ်းနွန်းအားပေးပြီး ဘရစ်စီးအစ်စ်ကိုအက်ခီလီးစ်ကိုယ်တိုင်ခေါ်ထားသည်။ ခရက်စစ်ရဲ့အဖေက အာဂါမမ်းနွန်း ဆီမှငွေပေးချေပြီးပေးခေါ်ရန်ကြိုးစားခဲ့သော်လည်းအငြင်းခံခဲ့ရသည်။ခရက်စစ်သည်အပိုလို၏ပရီတီးရက်စ်တစ်ယောက်ဖြစ်သောကြောင့်အပိုလိုသည်အာခေရန်တို့အပေါ်ကပ်ရောဂါဘေးကျစေခဲ့သည်။ အာဂါမမ်းနွန်းသည်ခရက်စစ် ကို နောက်ဆုံးတွင်လွတ်ပေးလိုက်သည့်အတွက်သူ့ကိုအစားထိုးရန်အက်ခီလီးစ်ဆီမှ ဘရစ်စီးအစ်စ်ကိုယူခဲ့သည်။ အာဂါမမ်းနွန်းရဲ့လုပ်ရပ်သည်အက်ခီလီးစ်အား၎င်း၏တပ်သားများအရှေ့တွင်အရှက်ခွဲခြင်းဖြစ်သည်ဟုဆိုကာသူ၏မာမီဒွန်တပ်သားများကိုစစ်ပွဲမှတပ်ဆုတ်ရန်အမိန့်ထုတ်ခဲ့သည်။

နတ်ဘုရားတစ်ပါးကဲ့သို့သောအက်ခီလီးစ် ရဲ့နှတ်ထွက်မှုကြောင့် အာခေရန် တို့၏ကံကြမ္မာကျဆင်းသွားခဲ့သည်။ ထရိုဂျင်တို့သည် ထိုအချက်ကိုအခွင့်ကောင်းယူ၍ ရှေ့တိုးနိုင်ခဲ့ရာဂရိသင်္ဘောများကိုမီးရှို့နိုင်သည် အထိနီးကပ်လာသည်။ အက်ခီလီးစ်ကို စစ်ပြန်တိုက်ရန်အာဂါမမ်းနွန်းသည် ဘရစ်စီးအစ်စ်အပြင်အခြားလက်ဆောင်များပါပေးသော်လည်း အက်ခီလီးစ်ကငြင်းဆိုရခဲ့သည်။ အက်ခီလီးစ်၏သူငယ်ချင်းပက်ထရိုကလစ်စ်(Patroclus)ဟာ အက်ခီလီးစ်ကိုပြန်တိုက်ရန် တောင်းဆိုသော်လည်းငြင်းခဲ့သည်။ ထိုကြောင့် ပက်ထရိုကလစ်စ်သည် မာမီဒွန်တပ်သားများကိုဦးဆောင်ရန် အက်ခီလီးစ်၏သံချပ်ကာဝတ်တန်စာငှါးရန် ပြောင်းလဲတောင်းဆိုသောအခါသဘောတူခဲ့သည်။ သို့သော်ပက်ထရိုကလစ်စ်ကိုခံစစ်အနေဖြင့်သာ တိုက်ရန်နှင့်ထရိုင်မြို့ထဲသို့မလိုက်ရန် ကတိပေးခိုင်းသည်။ ပက်ထရိုကလစ်စ်သည် ထိုသံချပ်ကာဝတ်စုံကိုဝတ်ဆင်ပြီး စစ်အတွင်းပြန်လာသည်ကို ထရိုဂျင်တို့သည်အက်ခီလီးစ်ပြန်လာပြီဟု ထင်မှတ်ကာကြောက်ရွံသွားကြသည်။ ပက်ထရိုကလစ်စ် သည်သူ၏စစ်ဆင်ရေးအောင်မြင်နေသောကြောင့် အက်ခီလီးစ်ရဲ့ကတိကိုမေ့ပြီး ထရိုဂျင်တို့နောက်လိုက်ခဲ့သည်။ ဇူးစ်၏သား လိုင်ဆီယမ်(Lycian)မင်းသားဆာပီဒွန်(Sarpedon) ကိုသတ်ပြီးနောက်ဆုံးတွင်ထရိုဂျင်တတိုင်း အထိရောက်လာသည်။ ထိုအချိန်တွင်ထရိုင်မြို့ကိုကာကွယ်သူအပိုလိုကယူဖရိုဘို့စ်(Euphorbos)ရဲ့လှံကိုလမ်းညွန်တည့်မတ်ကာ ပက်ထရိုကလစ်စ်ရဲ့သံချပ်ကာနှင့်သံခေါင်းစွတ်ကို ဒဏ်ရာရစေခဲ့သည်။ ထိုနောက်ဟက်တာရဲ့လက်ချက်ဖြင့် ပက်ထရိုကလစ်စ်သေဆုံးခဲ့ရသည်။ ပက်ထရိုကလစ်စ်ရဲ့အလောင်းကို တစ်ဘက်နှင့်တစ်ဘက်လုကြရာမန်နလောင်စ်(Manelaos) နှင့်အေးဂျတ်စ်(Ajax) တို့ဦးဆောင်သော အာခေရန်တို့အနိုင်ရကာစခန်းသို့ပြန်လာခဲ့သည်။

### အက်ခီလီးစ် ရဲ့အမြတ်ဒေါ်သ

အက်ခီလီးစ်သည်ပက်ထရိုကလစ်စ်သေဆုံးသွားမှု အပေါ်ဝမ်းနည်းနာကျည်းကာ ရင်ထဲတွင်ဒေါ်သမီးလောင်ခဲ့သည်။ သူ၏သူငယ်ချင်းအတွက်လက်စားချေမည်ဟု ကြုံးဝါးပြီးစစ်တိုက်ရန်ပြင်ဆင်ခဲ့သည်။ မိခင် သီတစ်စ်ဆီမှသံချပ်ကာအသစ်တောင်းဆိုခဲ့သည်။ သီတစ်စ်သည် ဟဲဖက်စ်တက်စ် (Hephaistos)ပန်းပဲနတ်ဘုရား ထံမှ သံချပ်ကာကိုတောင်းယမ်းခဲ့သည်။ ဟိုးမားသည် ထိုသံချပ်ကာကိုအီလီယတ်ထဲတွင် အသေးစိတ်ပုံဖော်ထားသည်။ ရွှေငွေရတနာတို့နှင့်တောက်ပနေသောဒိုင်းကာပေါ်တွင် စစ်ရေးဗျူဟာမျိုးစုံကိုဖော်ပြထားသည်။ ဖိနတ်မှာသံမဏိဖြင့်ပြုလုပ်ထားပြီး သံခေါင်းစွတ်ပေါ်မှာရွှေရောင်တံဆပ်ကိုဆင်မြန်းထားသည်။

အက်ခီလီးစ်သည် သူ၏မှော်ဝင်သံချပ်ကာကိုဝတ်ဆင်ကာစစ်မြေပြင်ထဲသို့ ဒေါ်သမောင်းတန်းကာပြန်ဝင်လာခဲ့သည်။ သူသည်အဘက်ဘက်မှလာသော ထရိုဂျင်ရန်သူအားလုံးကိုသတ်ပြီးငရဲမင်းဟေးဒီးစ်(Hades)ဆီသို့ပို့ပစ်ခဲ့သည်။ နောက်ဆုံးမှာ ဟက်တာနှင့်ထိပ်တိုက်တွေ့ခဲ့သည်။ အပိုလိုသည် ဟက်တာကိုသုံးကြိမ်တိုင်တိုင်ကာကွယ်ခဲ့သော်လည်း ၎င်းကို အက်ခီလီးစ်သည်မြူမှုန်များကြားထဲတွင် ဖမ်းမိခဲ့သည်။ ဟက်တာသည်စစ်ရေးကျွမ်းကျင်သောစစ်ခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်း အက်ခီလီးစ်ကို မယှဉ်နိုင်ဘဲနောက်ဆုံးတွင်ကျဆုံးခဲ့ရသည်။ အက်ခီလီးစ်သည်ဟက်တာရဲ့အလောင်းကိုသူ၏စစ်ရထားတွင်ချိတ်ဆွဲပြီးဟက်တာရဲ့မိသားစုအရှေ့၊ တပ်သားများအားလုံးအရှေ့တွင်မြို့တတိုင်းကိုသုံးကြိမ်တိုင်တိုင်ပတ်ဆွဲပြခဲ့သည်။ စစ်ဥပဒေစည်းမျဉ်းကိုဖောက်ဖျက်ကာအာခေရန်စခန်းအထိတရွတ်တိုက်ဆွဲသွားသည်။

ထရိုင်ဘုရင်ပရိုင်ယမ်(Priam) သည် ရန်သူစခန်းသို့လျှိုဝှက်စွာသွားပြီး သူ့သားကိုသေသေချာချာသဂြိုလ်ပေးနိုင်ရန်အတွက် အက်ခီလီးစ်ထံမှအနူးအညွန့်တောင်းပန်ပြီးပြန်လည်တောင်ယမ်းခဲ့သည်။ ပရိုင်ယမ်၏မေတ္တာရပ်ခံမှုနှင့်အသီနာ(Athena)၏ဖြောင်းဖြမှုအပြီးမှာ အက်ခီလီးစ်သည်ဟက်တာရဲ့အလောင်းကိုပြန်ပေးရန်သဘောတူခဲ့သည်။

[ ![Achilles and Ajax By Exekias](https://www.worldhistory.org/img/r/p/750x750/1000.jpg?v=1741826885) အက်ဇီးခီးယစ်စ်၏ အက်ခီလီးစ် နှင့် အေးဂျတ်စ် Dan Diffendale (CC BY-NC-SA) ](https://www.worldhistory.org/image/1000/achilles-and-ajax-by-exekias/ "Achilles and Ajax By Exekias")ထိုသို့ကြီးကြယ်သောအဖြစ်အရပ်များကိုမမှုဘဲ စစ်မြေပြင်တွင်စစ်သားများ ဆက်လက်စစ်တိုက်နေခဲ့ကြသည်။ အက်ခီလီးစ်သည်ထရိုဂျင်တို့အပေါ်ဆက်လက်အနိုင်ရနေခဲ့သည်။ သို့သော်သူ၏ဘဝဇာတ်သိမ်းဟာတဖြည်းဖြည်းချင်းကပ်လာခဲ့သည်။ အက်ခီလီးစ်၏မိခင်ပူပင်ခဲ့သည့်အတိုင်း ဂုဏ်ရည်ကျော်ကြားနေသောအက်ခီလီးစ်သည် ငယ်ငယ်ရွယ်ရွယ်နှင့်ဘဝဇာတ်သိမ်းရတော့မည်။ ဟဲလင်ကိုလိုချင်သောကြောင့် ထရိုဂျင်စစ်ပွဲကိုစခဲ့သောပဲရစ်(Paris)ပစ်လိုက်သောမြားကိုအပိုလိုသည် တဖန်လမ်းညွန်တည့်မတ်ပေးခဲ့သည်။ ထိုမြားဟာအက်ခီလီးစ်ရဲ့တစ်ခုတည်းသောအားနည်းချက်ဖြစ်သည့်ခြေချင်းဝတ်ကိုမှန်ကာ ကျဆုံးသွားခဲ့ရသည်။ ဂရိသူရဲကောင်းအေးဂျတ်စ်သည် အက်ခီလီးစ်၏အလောင်းကိုအာခေရန်စခန်းသို့ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့သည်။ ကျဆုံးသွားသောသူရဲကောင်းအက်ခီလီးစ်ကိုဂုဏ်ပြုသည့် အနေဖြင့်အခမ်းအနားများပြုလုပ်ခဲ့သည်။ အက်ခီလီးစ်၏သံချပ်ကာကိုအေးဂျတ်စ်နှင့်ဩောဒီးဆီးယစ်လုကြရာတွင် ဩောဒီးဆီးယစ်ရသွားခဲ့သည်။ နောက်ဆုံးမှာဩောဒီဆီးယစ်အကြံဖြင့်ထရိုင်မြို့ကိုသစ်သားမြင်းရုပ်ထဲမှာအပြီးသိမ်းလိုက်နိုင်ခဲ့သည်။

### ပန်းချီပုံဖော်မှုများ

ဂရိသူရဲကောင်းများသည်ဂရိအနှပညာ၏ရေပန်းစားသောအခန်းကဏ္ဏတစ်ခုဖြစ်သည်။ ဂရိတစ်ခွင်၊ အေသင်(Athens)မှမိုင်ကိုနို့စ်(Mykonos)အထိအိုးထည်များပေါ်တွင်ရေးဆွဲခဲ့ကြသည်။ ဘီစီခုနှစ်ရာစုမှငါးရာစုအထိအနီ-အမဲဆေးဖြင့်ပလေးယပ်စ်အက်ခီလီးစ်ကိုစိုင်ရိုင်ထံအပ်ပုံ၊ အက်ခီလီးစ်သူ၏သံချပ်ကာကိုမိခင်ထံမှတောင်းပုံ၊ထရွိုင်းလစ်စ် ကိုအက်ခီလီးစ်ဖမ်းဆီးနေပုံ၊ ဟက်တာရဲ့အလောင်းကိုစစ်ရထား တွင်ချိတ်ဆွဲနေပုံစသည့်ဇာတ်ဝင်ခန်းများကိုရေးဆွဲကြသည်။ အက်ခီလီးစ်သည်ခရန်သီယမ်(Corinthian) သံခေါင်းစွတ်နှင့် ဂေါ်ဂွန်(gorgon)ပုံပါသောဒိုင်းကာတို့ကိုင်ဆောင်သည်။ အက်ခီလီးစ်နှင့်အေးဂျတ်စ်တို့သံချပ်ကာဝတ်ပြီးကျားကစားနေပုံကိုအများဆုံးတွေ့ရသည်။ ဘက်တီကန်(Vatican)ပြတိုက်ရှိဘီစီ၅၃၀ခုနှစ်ကပြုလုပ်ခဲ့သောအမဲရောင်အမ်ဖိုရာအိုး(Amphora)သည်အထင်ရှားဆုံးဖြစ်သည်။

#### Editorial Review

This human-authored definition has been reviewed by our editorial team before publication to ensure accuracy, reliability and adherence to academic standards in accordance with our [editorial policy](https://www.worldhistory.org/static/editorial-policy/).

## စာရင်းကိုးကား

- Bagnall, R. (ed). *The Ecnyclopedia of Ancient History.* Wiley-Blackwell, 2012
- Carabatea, M. *Greek Mythology.* Pergamos, Peania, 2007
- [Graves, Robert & Macdonald, Ross & Riordan, Rick. *The Greek Myths .* Penguin Classics, 2012.](https://www.worldhistory.org/books/0143106716/)
- [Hornblower, Simon & Spawforth, Antony & Eidinow, Esther. *The Oxford Classical Dictionary.* Oxford University Press, 2012.](https://www.worldhistory.org/books/0199545561/)
- [T. H. Carpenter. *Art and Myth in Ancient Greece.* Thames & Hudson, 2022.](https://www.worldhistory.org/books/B000EQ2DA0/)

## စာရေးသူအကြောင်း

မက်ခ်သည်စာရေးဆရာ၊ သုတေသနပညာရှင်၊ သမိုင်းပညာရှင် နှင့်အက်ဒီတာတစ်ယောက်ဖြစ်သည်။ အနှပညာ၊ ဗိသုကာပညာ နှင့် လူသားတို့အားလုံးရဲ့တူညီသောအတွေးအခေါ်များကိုလေ့လာရခြင်းကိုဝါသနာပါသည်။ WHE ၏ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး Political Philosophy ဘာသာဖြင့်MAဘွဲ့ရထားသည်။

## အချိန်ဇယား

- **1750 BCE - 1300 BCE**: [Troy](https://www.worldhistory.org/troy/) VI - probable Troy of [Homer](https://www.worldhistory.org/homer/)'s [Iliad](https://www.worldhistory.org/iliad/). [City](https://www.worldhistory.org/city/) at its zenith.
- **1334 BCE**: [Trojan War](https://www.worldhistory.org/Trojan_War/), according to Duris of [Samos](https://www.worldhistory.org/samos/).
- **c. 1250 BCE**: [Trojan War](https://www.worldhistory.org/Trojan_War/), according to [Herodotus](https://www.worldhistory.org/herodotus/).
- **1184 BCE**: [Trojan War](https://www.worldhistory.org/Trojan_War/), according to [Eratosthenes](https://www.worldhistory.org/Eratosthenes/).
- **c. 800 BCE - c. 700 BCE**: [Homer](https://www.worldhistory.org/homer/) of [Greece](https://www.worldhistory.org/greece/) writes his *[Iliad](https://www.worldhistory.org/iliad/)* and *[Odyssey](https://www.worldhistory.org/Odyssey/)*.
- **c. 540 BCE**: A black-figure vase by Exekias depicts [Achilles](https://www.worldhistory.org/achilles/) killing the [Amazon](https://www.worldhistory.org/amazon/) Penthesilea.

## ပြင်ပလင့်ခ်များ

- [Free classical tales listening and learning resources](http://classictales.educ.cam.ac.uk/)
- [In Our Time, The Trojan War](https://www.bbc.co.uk/programmes/b01j6srl)
- [Who was Achilles? | British Museum](https://www.britishmuseum.org/blog/who-was-achilles)

## ဤလက်ရာကို ကိုးကားပါ

### APA
Cartwright, M. (2025, June 19). အက်ကီလီးစ်. (E. h. Mg, ဘာသာပြန်သူ). *World History Encyclopedia*. <https://www.worldhistory.org/trans/my/1-10354/>
### Chicago
Cartwright, Mark. "အက်ကီလီးစ်." ဘာသာပြန်သူ Eaint hmoo Mg. *World History Encyclopedia*, June 19, 2025. <https://www.worldhistory.org/trans/my/1-10354/>.
### MLA
Cartwright, Mark. "အက်ကီလီးစ်." ဘာသာပြန်သူ Eaint hmoo Mg. *World History Encyclopedia*, 19 Jun 2025, <https://www.worldhistory.org/trans/my/1-10354/>.

## လိုင်စင်နှင့် မူပိုင်ခွင့်

တင်သွင်းသူ [Eaint hmoo Mg](https://www.worldhistory.org/user/eainthmoomg/ "User Page: Eaint hmoo Mg"), တွင် ထုတ်ဝေခဲ့သည် 19 June 2025. မူပိုင်ခွင့်ဆိုင်ရာ အချက်အလက်များအတွက် မူရင်းရင်းမြစ်(များ)ကို စစ်ဆေးပါ။ ဤစာမျက်နှာမှ ချိတ်ဆက်ထားသော အကြောင်းအရာများတွင် မတူညီသော လိုင်စင်စည်းမျဉ်းများ ရှိနိုင်ပါသည်။

